SJ WorldNews - шаблон joomla Авто

ဆဋ္ဌမအကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံ လေတပ်ချင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ

Saturday, 09 November 2019 16:47 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  နိုဝင်ဘာ 

မြန်မာနိုင်ငံတွင် လက်ခံကျင်းပသည့် ဆဋ္ဌမအကြိမ် မြန်မာ-ထိုင်း နှစ်နိုင်ငံ လေတပ် ချင်းအလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်ရန် ထိုင်းဘုရင့်လေတပ်မှ Deputy Chief of the Air Staff , Air Marshal Tanasak-Metananta ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းတွင် ရောက်ရှိခဲ့ရာ မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်၊ ဌာနချုပ်မှူး၊ ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် မြန်မာ့တပ်မတော်(လေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံ(ကြည်း၊ ရေ၊ လေ)စစ်သံမှူးများနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြ သည်။ ဆဋ္ဌမအကြိမ်   မြန်မာ-ထိုင်းနှစ်နိုင်ငံ လေတပ်ချင်း အလုပ်ရုံ ဆွေးနွေးပွဲ 6th MAF-RTAF Air Working Group Meeting)အား နိုဝင်ဘာ ၅ ရက်မှ ၆ ရက်အထိ ရန်ကုန်မြို့ရှိ Chatrium Hotel အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ  မြန်မာ့ တပ်မတော်(လေ)မှ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင် ဦး ဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းဘုရင့်လေတပ်မှ Deputy Chief of the Air Staff , Air Marshal TanasakMetananta ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် နှစ်နိုင်ငံလေတပ် အနေဖြင့် ရှေ့ဆက် လုပ်ဆောင်မည့် လုပ်ငန်း စဉ်များနှင့် ပတ်သက်၍ အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မည့် အကြောင်းအရာများ အား နှစ်နိုင်ငံ ကိုယ်စားလှယ်များက အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး မြန်မာ့တပ်မ တော်(လေ)မှ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ထိုင်း ဘုရင့်လေတပ်မှ Deputy Chief of the Air Staff , Air Marshal Tanasak Metananta တို့သည်  အစည်းအဝေး မှတ်တမ်းကို အတည်ပြု လက်မှတ် ရေးထိုးခဲ့ကြ သည်။ ထို့နောက် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ညပိုင်းတွင် ထိုင်းဘုရင့်လေတပ် ကိုယ်စားလှယ်အဖွဲ့အား Chatrium Hotel ရှိ Grand Ballroom တွင် ဂုဏ်ပြု ညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံ ခဲ့သည်။

၎င်းအပြင် နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်များတွင် ထိုင်းဘုရင့်လေတပ်မှ Air Marshal Tanasak-Metananta ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ပဲခူးမြို့ရှိ ရွှေမော်ဓော ဘုရား၊ လေးမျက်နှာဘုရား၊ ရွှေသာလျောင်းဘုရား၊ ကမ္ဘောဇသာဒီ နန်းတော်နှင့် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်တို့အား သွား ရောက်ဖူးမြော် လေ့လာခဲ့ကြသည်။ နိုဝင်ဘာ ၈ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်း ခရီးစဉ်ဖြင့် ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာခဲ့ရာ မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်၊   ဌာနချုပ်မှူး၊ ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် တပ်မတော် (လေ)မှ အရာရှိကြီး များ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ(ကြည်း၊ ရေ၊ လေ)စစ်သံမှူးများ နှင့် တာဝန်ရှိသူများ မှ ပို့ဆောင်နှုတ်ဆက် ကြသည်။

ဆဋ္ဌမအကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံလေတပ်ချင်း အလုပ်ရုံဆွေးနွေးပွဲ (6th MAFRTAF Air Working Group Meeting) သည် မြန်မာ-ထိုင်းနှစ်နိုင်ငံ လေတပ်မှ   အရာရှိ အဆင့်အတန်းများအကြား ရင်းနှီးချစ်ကြည်မှု၊ အပြန်အလှန် ယုံကြည်မှု၊ နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

(၁ဝဝ)

Read 33 times Last modified on Saturday, 09 November 2019 16:51