SJ WorldNews - шаблон joomla Авто

အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဆုပေးပွဲပြုလုပ်

Saturday, 09 November 2019 16:57 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  နိုဝင်ဘာ 

အနောက်တောင် တိုင်းစစ်ဌာနချုပ်၏ (၅၇)ကြိမ်မြောက် တိုင်းမှူးဒိုင်း  သေနတ်ပစ်ပြိုင်ပွဲ ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် ကွင်းကောက်မြို့ရှိ နယ်မြေခံစက်ပစ်ကွင်း၌ ပြုလုပ်ရာ    တိုင်းမှူး ဗိုလ်ချုပ်ရဲဝင်းဦးနှင့်  အရာရှိ၊  စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ ဆုပေးပွဲကိုပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစားအလိုက် တစ်ဦးချင်းဆုရရှိသူများ၊ အသင်း လိုက်ဆုရရှိသူများအား တာဝန်ရှိသူများကလည်းကောင်း၊ ဒိုင်းဆုရရှိသည့် နယ်မြေခံ စစ်အခြေခံ လေ့ကျင့်ရေးတပ် အသင်းအား တိုင်းမှူးကလည်းကောင်း ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ကြသည်။

ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက  အမျိုးသား မီတာ  ၁ဝဝ ပစ်ခတ် စဉ် ပစ်ခတ်မှုအား ကြည့်ရှုအားပေးကြသည်။

အဆိုပါ သေနတ်ပစ်ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင် အမျိုးသားနှင့် အမျိုးသမီး အသင်း ၁၄ သင်းဖြင့် နိုဝင်ဘာ ၄ ရက်မှ ယနေ့ အထိပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

(၁ဝဝ)

Read 32 times Last modified on Saturday, 09 November 2019 16:57