SJ WorldNews - шаблон joomla Авто

ဘောလခဲမြို့နယ်၊ ချိကွဲ့ကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်၊ အသားငါးနှင့်ဟင်းသီးဟင်းရွက်များရောင်းချ

Saturday, 09 November 2019 16:57 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  နိုဝင်ဘာ 

ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ ချိကွဲ့ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများအား ယနေ့နံနက်ပိုင်းတွင်  အရှေ့ပိုင်း တိုင်းစစ်ဌာန ချုပ်နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌   ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံ တိုင်းရင်းသားပြည်သူ ၉ဝ ဦးတို့ကို အရိုး/အကြောရောဂါ၊ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ သားဖွား/မီးယပ် ရောဂါ၊ ကလေးရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက် ၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အေးသာ ယာမြို့၊ စစ်မှုထမ်းဟောင်း အိမ်ရာမှ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန် ထမ်းများနှင့် ဒေသခံပြည်သူများသို့ တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ တပ်မတော် သားမိသားစုများ၏ တပ်ပိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိသည့် ဝက်သား ၆ဝ ပိဿာ၊ ကြက်သား ၃ဝ ပိဿာ၊ ကြက်ဥ ၅ဝဝဝ လုံး၊ နွားနို့ ၂၁ ပိဿာ၊ ဟင်းသီး ဟင်းရွက်များနှင့် တပ်မတော် စက်ရုံထုတ် ပစ္စည်းများကို ပြင်ပပေါက်ဈေးထက် သက် သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။

(၁ဝဝ)

Read 34 times Last modified on Saturday, 09 November 2019 17:00