SJ WorldNews - шаблон joomla Авто

ကော့သောင်းမြို့မရဲစခန်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

Saturday, 09 November 2019 17:03 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  နိုဝင်ဘာ 

တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်းမြို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစု များအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေး ကုသရေးအဖွဲ့က ကော့သောင်းမြို့မ ရဲစခန်းရှိ ဘုရင့်နောင်ရဲရိပ်သာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် ၈၆ ဦးတို့ကို  သွေးတိုးရောဂါ၊  အရိုး/ အကြောရောဂါ၊   ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊  အစာအိမ်ရောဂါ၊ သားဖွား/ မီးယပ်ရောဂါ၊ မျက်စိရောဂါ၊ ကလေးရောဂါ၊ အသက်ရှူ လမ်းကြောင်း ဆိုင်ရာရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ နှလုံးခုန်နှုန်းနှင့် ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်း၊  Ultrasound ရိုက်ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူတစ်ဦးကို ကော့သောင်းမြို့ရှိ တပ်မတော် ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

(၁ဝဝ)

Read 37 times Last modified on Saturday, 09 November 2019 17:04