SJ WorldNews - шаблон joomla Авто

ကသာမြို့၊ အမှတ်(၁)ရပ်ကွက်၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

Saturday, 09 November 2019 17:04 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  နိုဝင်ဘာ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဒေသခံပြည်သူများနှင့် မြောက်ကျောင်း ပရိယတ္တိစာသင်တိုက်ရှိ စာချစာသင် သံဃာတော်များနှင့် ရှင်သာမ ဏေများအား နိုဝင်ဘာ ၇ ရက် နံနက်ပိုင်းတွင် အနောက်မြောက် တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က မြောက်ကျောင်း ပရိယတ္တိစာသင်တိုက်၊ အဂ္ဂဓမ္မရာမ ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၂၄ ပါး၊ ရှင်သာမ ဏေ ၃၈ ပါးနှင့် ဒေသခံပြည်သူ ၈ဝ ဦးတို့ကို သွေးတိုးရောဂါ၊ အရိုး/အကြော ရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင် ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး အဂ္ဂဓမ္မရာမ ကျောင်းဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မအား ဖူးမြော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

(၁ဝဝ)

Read 36 times Last modified on Saturday, 09 November 2019 17:08