SJ WorldNews - шаблон joomla Авто

ရပ်စောက်မြို့နယ်၊ ကျိုင်းခမ်းကျေးရွာအနီး၌ တရားမဝင်သစ်များ သယ်ဆောင်လာသူများ အား ဖမ်းဆီးရမိ

Saturday, 09 November 2019 17:08 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   နိုဝင်ဘာ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၇ ရက် ည ၁၁ နာရီ မိနစ် ၅ဝ ခန့်တွင် ကျိုင်းခမ်းကျေး ရွာ၏ အနောက်မြောက်ဘက် ၁၂ မိုင်ခန့် အကွာသို့ အရောက်၌ ရှုရပ်ကုန်းမြောက် ဘက်တောလမ်းမှ ရပ်စောက်ဘက်သို့ ယာဉ်မောင်းထိန်လင်း(ဘ) ဦးမင်းအောင် မောင်း နှင်လာသော တစ်ပါအမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီးနှင့် ယာဉ်မောင်း ဗွေလန်(ဘ) ဦးမြင့်သော် မောင်းနှင်လာသော လီဖန်းအမျိုးအစား လိုင်စင်မဲ့မော်တော် ယာဉ်တစ်စီးတို့အား မသင်္ကာသဖြင့် ရပ်တန့် စစ်ဆေးရာ ယာဉ်များပေါ်မှ အင်သစ်လုံး ဆိုဒ်စုံ ၅ ဒသမ ၅ တန်အား တွေ့ရှိဖမ်းဆီးရမိခဲ့သည်။

အဆိုပါ လိုင်စင်မဲ့ ယာဉ်များ၊ တရားမဝင်သစ်များနှင့်အတူ ဖမ်းဆီးရမိသူများအား ရပ်စောက်မြို့(၁၈)မိုင် ရဲကင်းစခန်းနှင့် မြို့နယ်သစ်တောဦးစီးဌာနသို့ စနစ်တကျ အသီး သီးလွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။       

(၁ဝဝ)       

Read 37 times Last modified on Saturday, 09 November 2019 17:12