SJ WorldNews - шаблон joomla Авто

မင်းတပ်မြို့၊ အနောက်ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား

Saturday, 09 November 2019 17:12 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   နိုဝင်ဘာ 

ချင်းပြည်နယ်၊ မင်းတပ်မြို့၊ အနောက်ရပ်ကွက်နေ ဒေါ်အောင်လိုင်း(ဘ) ဦးထမ်းကီး အောင်၏ နေအိမ်၌ ယနေ့နံနက် ၃ နာရီခန့်တွင် နေအိမ်မီးဖိုမီးကြွင်းမီးကျန်မှ တစ်ဆင့် မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ မီးလောင်ရာနေရာသို့ နယ်မြေခံ တပ်မတော် သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီခန့်တွင် မီးငြိမ်းသွားခဲ့သည်။

အဆိုပါမီးလောင်မှုကြောင့်  လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ နေအိမ်နှစ် လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

(၁ဝဝ)

Read 42 times Last modified on Saturday, 09 November 2019 17:14