SJ WorldNews - шаблон joomla Авто

ခန်္တီးမြို့၊ ပေါမိုင်းရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Tuesday, 19 November 2019 08:43 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   နိုဝင်ဘာ   ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန်္တီးမြို့၊ ပေါမိုင်း ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါ ကျောင်း၌  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၁၈၀ ဦးတို့ကို အရိုး/ အကြောရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါ၊ အရေ ပြားရောဂါ၊ သွေးတိုးရောဂါ၊ မျက်စိရောဂါ၊ ၀မ်းပျက်ဝမ်းလျှောရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသ ပေးခြင်းနှင့် ECG စက်ဖြင့် နှလုံးစမ်းသပ် စစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သူ သုံးဦးကို ခန်္တီးမြို့ရှိ တပ်မတော် ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။

ထို့ပြင် ဆေးကုသရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူများအား အူရောင်ငန်းဖျားရောဂါနှင့် သွားနှင့် ခံတွင်း ရောဂါ အကြောင်း ကျန်းမာရေး  အသိပညာပေးဟောပြော ဆွေးနွေးခြင်းများ  ဆောင်ရွက်ပေးခဲ့ကြောင်း  သတင်းရရှိသည်။                  

 

Read 37 times Last modified on Tuesday, 19 November 2019 08:46