SJ WorldNews - шаблон joomla Авто

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) ၀ူရှူးပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

Tuesday, 19 November 2019 08:46 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   နိုဝင်ဘာ   ၁၈

၂၀၁၉ ခုနှစ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း (၂၆)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ)၀ူရှူးပြိုင်ပွဲဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်၊ အားကစားခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာလင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ အသင်းနည်းပြများ၊ အသင်းအုပ်ချုပ်သူများနှင့် ဒိုင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပကိုယ်စား တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။  ထို့နောက်  တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲဝင် အသင်းများ၏ အဖွင့်ပွဲစဉ်ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးကြ သည်။

အဆိုပါဝူရှူးပြိုင်ပွဲကို တပ်မတော်(ကြည်း၊ရေ၊ လေ)တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁၅ သင်းဖြင့် နိုဝင်ဘာ ၂၂ ရက် အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။                         

 

Read 36 times Last modified on Tuesday, 19 November 2019 08:47