SJ WorldNews - шаблон joomla Авто

အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၏ (၅၈)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပြုလုပ်

Monday, 02 December 2019 12:59 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဒီဇင်ဘာ 

အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၏ (၅၈)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊  စစ်ရေးပြကွင်း၌ ပြုလုပ်ရာ  တိုင်းမှူး  ဗိုလ်ချုပ် လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင် ရာများ၊ စစ်မှု ထမ်းဟောင်း အဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစု များနှင့်  ဖိတ်ကြား ထားသော  ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အမှာစကား ပြောကြားသည်။

ထို့နောက် တိုင်းမှူးနှင့်တက်ရောက် လာကြသူများက  တိုင်းစစ်ဌာနချုပ်  ကိုယ်စားပြု စစ်တီးဝိုင်းအဖွဲ့၏  စွမ်းရည် သရုပ်ပြသမှုများကို ကြည့်ရှုအားပေးပြီး   ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်သည်။

ဆက်လက်၍   တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဆုပေးပွဲကို တိုင်းစစ်ဌာနချုပ်၊ သံလွင်ခန်းမ၌ ဆက်လက် ပြုလုပ်ရာ အိမ်ထောင်သည်လိုင်း ဘက်စုံအကောင်း ဆုံးဆုရရှိကြသူများ၊ သင်တန်းများနှင့်ပြိုင်ပွဲ အသီးသီးတို့တွင် ဆုရရှိကြ သူများ၊ စစ်ရေး ပြစွမ်းရည်ပြိုင်ပွဲ၊   အားကစားပြိုင်ပွဲနှင့် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲများတွင် ဆုရရှိ ကြသူ များအား တိုင်းမှူးနှင့်အဖွဲ့ဝင်များက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။                

Read 16 times Last modified on Monday, 02 December 2019 13:00