SJ WorldNews - шаблон joomla Авто

မိုင်းဖြတ်မြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် မူးယစ် ဆေးကုသရေးနှင့် ပြန်လည် ထူထောင်ရေး သင်တန်း သား များအား တွေ့ဆုံ

Monday, 02 December 2019 13:00 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဒီဇင်ဘာ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့ နယ်ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် မိုင်းဖြတ်မြို့နယ်၊ ဘူရှီးကျေးရွာတွင် ဖွင့်လှစ် ထားသည့် ရပ်ရွာအခြေပြု မူးယစ်ဆေးကုသ ရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်း သားများအား နိုဝင်ဘာ ၃၀ ရက် ညနေ ပိုင်းတွင်   တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့် အဖွဲ့ဝင်များက  မိုင်းဖြတ် တပ်နယ်ရှိ   နယ်မြေခံ တပ်ရင်းခန်းမ၌ သွားရောက်တွေ့ဆုံသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြား သည်။ ထို့နောက် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ ၀င်များနှင့်    သင်တန်း တာဝန်ရှိ သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ဆန် ၅၀ အိတ် နှင့် တပ်မတော် စက်ရုံများမှ ထုတ်လုပ်သော  စားသောက်ဖွယ်ရာများအား  ထောက်ပံ့ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူ ကြသည်။

ယင်းနောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များက ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် မူးယစ် ဆေးကုသရေးနှင့် ပြန်လည် ထူထောင်ရေး သင်တန်းသားများအား    ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြောင်း   သတင်းရရှိသည်။

Read 12 times Last modified on Monday, 02 December 2019 13:01