SJ WorldNews - шаблон joomla Авто

မောင်တော-အငူမော်သွားကားလမ်းအနီး ဒေသန္တရ မိုင်းတစ်လုံးပေါက်ကွဲ

Monday, 02 December 2019 13:06 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဒီဇင်ဘာ 

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အငူမော်ကုန်းတန်း ကျေးရွာနှင့် သာစည်ကျေးရွာကြား မောင်တော-အငူမော်သွား ကားလမ်း၏ ကိုက် ၁၀၀ ခန့်အကွာ၌ နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် ဒေသန္တရမိုင်း တစ်လုံး ပေါက်ကွဲကြောင်း   သိရှိရသဖြင့်  အငူမော်ရဲကင်းစခန်းမှ   တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ   ၎င်းနေရာ၌ အငူမော်ကုန်းတန်းကျေးရွာနေ ကျော်သက်ဦး(ဘ) ဦးဝင်းမောင်ရွှေအား ပါး၊ လည်ပင်းနှင့်  ၀မ်းဗိုက်တို့တွင်  မိုင်းစထိမှန် ဒဏ်ရာများရရှိပြီး  သေဆုံးနေကြောင်း  တွေ့ရှိရသည်။

သေဆုံးသူ၏ ရရှိဒဏ်ရာများအရ ဒေသန္တရမိုင်းတစ်လုံးအား မိုင်းထောင် အသက်သွင်းစဉ်    ပေါက်ကွဲမှုဖြစ်ပွား၍ သေဆုံးခြင်းဖြစ်နိုင်ကြောင်းနှင့် ၎င်းဝန်းကျင် တစ်ဝိုက်အား  လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Read 21 times Last modified on Monday, 02 December 2019 13:07