SJ WorldNews - шаблон joomla Авто

အမ်း-မအီကားလမ်း၌ AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသော ဒေသန္တရရီမု ကားမိုင်းတစ်လုံး တွေ့ရှိ

Monday, 02 December 2019 13:09 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဒီဇင်ဘာ  

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ လမ်းပြုပြင်ရေး အဖွဲ့များသည် အမ်း-မအီကားလမ်းပိုင်းအား လမ်းတိုးချဲ့ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိစဉ် နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင်  အမ်းမြို့၏ တောင်ဘက် ၁ မိုင်ခန့်အကွာ ကားလမ်းအနီး၌ မသင်္ကာဖွယ်ရာ ပစ္စည်းတွေ့ရှိကြောင်း အကြောင်းကြားလာသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ AA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် အလျား ၁၅ လက်မ၊ အနံ ၈ လက်မ၊ အကျယ် ၄ ဒသမ ၅ လက်မ၊ အမြင့် ၁၀လက်မခန့်ရှိ ဇလားပုံသဏ္ဌာန် ဒေသန္တရ ရီမုကားမိုင်း တစ်လုံးအား စစ်ဆေး တွေ့ရှိခဲ့ရသည်။ ခရီးသွား ပြည်သူများနှင့် ဒေသခံပြည်သူများ အန္တရာယ် မဖြစ်စေရေးအတွက် အဆိုပါဒေသန္တရ ရီမုကားမိုင်းကို မိုင်းရှင်းလင်းရေးအဖွဲ့ဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့သည်။

အဆိုပါနယ်မြေတစ်ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး လုပ်ငန်းများ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။               

Read 19 times Last modified on Monday, 02 December 2019 13:10