SJ WorldNews - шаблон joomla Авто

တောင်ငူမြို့နယ် ဆိတ်ဖူးတောင် ကျေးရွာ၌ (၂၇)ကြိမ်မြောက် ရှမ်းနှစ်သစ်ကူး ပွဲတော်နှင့်ကောက်သစ်စား ပွဲတော်ပြုလုပ်

Monday, 02 December 2019 13:11 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဒီဇင်ဘာ 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ဆိတ်ဖူးတောင်ကျေးရွာ၌ (၂၇)ကြိမ်မြောက် ရှမ်းနှစ်သစ်ကူး ပွဲတော်နှင့် ကောက်သစ်စား ပွဲတော်ကို နိုဝင်ဘာ ၃၀ ရက် ညနေပိုင်း တွင်ပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံ ရှမ်းတိုင်းရင်း သားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ရှမ်းနှစ်သစ်ကူးပွဲတော်နှင့် ကောက်သစ်စားပွဲတော်ကို ဖွင့်လှစ်ပြီး တိုင်းမှူးနှင့် တာဝန်ရှိသူများက နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက နှစ်သစ်ကူးဂုဏ်ပြု လက်ဆောင်များ အသီးသီး ပေးအပ်ကြသည်။

ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ရှမ်းတိုင်းရင်းသားများ၏ ရိုးရာအက အလှများဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 15 times Last modified on Monday, 02 December 2019 13:12