SJ WorldNews - шаблон joomla Авто

တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC ဆိုင်ရာ သင်တန်းဖွင့်လှစ်

Monday, 02 December 2019 13:12 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဒီဇင်ဘာ 

တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC ဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပုလောမြို့ရှိ မြို့နယ်ခန်းမ၌ ပြုလုပ်ရာ တနင်္သာရီတိုင်း ဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) ဥက္ကဋ္ဌ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကျေးရွာအဆင့် အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

ဦးစွာ ကော်မတီဥက္ကဋ္ဌ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ကော်မတီဝင်များက ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် ဆောင်ရွက်သွားမည့် အစီအမံများကို ဆွေးနွေးကြရာ တိုင်းမှူးက လိုအပ်သည်များ  ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။       

Read 19 times Last modified on Monday, 02 December 2019 13:13