SJ WorldNews - шаблон joomla Авто

ထားဝယ်မြို့၊ အကျဉ်းဦးစီးဌာန၊ ထားဝယ်အကျဉ်းထောင်ရှိဓမ္မာရုံ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Tuesday, 03 December 2019 08:16 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဒီဇင်ဘာ 

တနင်္သာရီတိုင်းဒေသကြီး၊   ထားဝယ်မြို့၊ ကျောက်မော်ရပ်၊ အကျဉ်းဦးစီးဌာန၊ ထားဝယ်အကျဉ်းထောင်ရှိ ဝန်ထမ်းများနှင့် မိသားစုများကို ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က  အဆိုပါ အကျဉ်းထောင်ရှိ  ဓမ္မာရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က အကျဉ်းထောင်ဝန်ထမ်းများနှင့် မိသားစုဝင်စုစုပေါင်း ၈၅ ဦးတို့ကို သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အဆုတ်ရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍  လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 13 times Last modified on Tuesday, 03 December 2019 08:16