SJ WorldNews - шаблон joomla Авто

မြစ်ကြီးနားမြို့ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့မရဲစခန်းရှိ ၀န်ထမ်းများ၊ ဒေသခံပြည်သူများအား အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များရောင်းချ

Thursday, 05 December 2019 08:50 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဒီဇင်ဘာ 

တပ်မတော်သားမိသားစုဝင်များနှင့် ဒေသခံပြည်သူများ စားသောက်ရေးအဆင် ပြေပြီး ငွေကြေးသက်သာမှုရှိစေရန်နှင့် ဒေသ တွင်းစားသောက်ကုန်ဈေးနှုန်းတည်ငြိမ်မှုရှိရန် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန်ရည်ရွယ်၍   မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင်  တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှထွက်ရှိ  သော  အသား၊  ငါး၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥ၊ နွားနို့နှင့် တပ်မတော်စက်ရုံထုတ် စားသောက်ကုန်ပစ်္စည်းများကို ပြင်ပပေါက် ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိသည်။

ထိုသို့ ရောင်းချပေးလျက်ရှိရာ    ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့မ ရဲစခန်းရှိ ၀န်ထမ်းများ၊ ဒေသခံပြည်သူများကို မြစ်ကြီးနား တပ်နယ်မှ နယ်မြေခံတပ်မ တော်သားများက ၀က်သား ၄၀ ပိဿာ၊ ကြက်သား ၄၀ ပိဿာ၊ ကြက်ဥ ၄၀၀၀ လုံး၊ နွားနို့ ၂၀ ပိဿာ၊ ဟင်းသီးဟင်းရွက် များနှင့် တပ်မတော် စက်ရုံထုတ် စားသောက် ကုန်ပစ်္စည်းများကို ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချ ပေးခဲ့ ကြောင်း သတင်းရရှိသည်။  

Read 18 times Last modified on Thursday, 05 December 2019 08:51