SJ WorldNews - шаблон joomla Авто

မတူပီမြို့နယ်၊ ဖနိုင်ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Thursday, 05 December 2019 08:52 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဒီဇင်ဘာ 

ချင်းပြည်နယ်၊  မတူပီမြို့နယ်၊  ဖနိုင် ကျေးရွာမှ ဒေသခံတိုင်းရင်းသားပြည်သူများ အား ယနေ့နံနက်ပိုင်းတွင် အနောက် မြောက်တိုင်း စစ်ဌာနချုပ်နယ်လှည့် ဆေးကုသရေး အဖွဲ့က  အဆိုပါကျေးရွာရှိ  ကျေးလက် ဆေးပေးခန်း၌ ကျန်းမာ ရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဒေသခံတိုင်းရင်းသားပြည်သူ ၈၉ ဦးတို့ကို အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ သွေးတိုးရောဂါ၊ အရိုး/အကြောရောဂါ၊ ကလေးရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ ထို့ပြင် မတူပီတပ်နယ်မှ နယ်မြေခံ တပ်မတော် သားများက ဒေသခံပြည်သူများ အား  တပ်ပိုင်နှင့်တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများမှ   ထွက်ရှိသည့်  ကြက်ဥ၊ နွားနို့နှင့်  ဟင်းသီးဟင်းရွက်များအား  ဒေသပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချ ပေးခဲ့ ကြောင်း သတင်းရရှိသည်။                          

Read 48 times Last modified on Thursday, 05 December 2019 08:53