SJ WorldNews - шаблон joomla Авто

အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ် ရရှိခဲ့သည့် တောင်ကြီးမြို့ YGW ပရဟိတကျောင်းမှ လူငယ်အားကစား သမားများအား ဂုဏ်ပြုဆုပေးအပ်

Tuesday, 10 December 2019 08:07 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဒီဇင်ဘာ  

ဖိလစ်ပိုင်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ် ရရှိခဲ့သည့် ရှမ်းပြည်နယ် ဂုဏ်ဆောင် နိုင်ငံကိုယ်စားပြု တောင်ကြီးမြို့ YGW ပရဟိတကျောင်းမှ လူငယ် အားကစားသမားများအား ဂုဏ်ပြုဆုပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ သံလွင်ခန်းမ၌ပြုလုပ်ရာ  တောင်ကြီးမြို့ YGW အ၀ါရောင်လူငယ် မျိုးဆက်သစ်လူငယ် ပရဟိတကျောင်း   ဦးဆောင်ဆရာတော် ဘဒ္ဒန္တဣန္ဒာစာရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး    တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ အားကစားသမားများနှင့်   နည်းပြများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အားနစ်(Arnis) အားကစားနည်း အမျိုးသမီး ၅၀ ကီလိုဝိတ်တန်း၌ ကြေးတံဆိပ်ဆု ရရှိခဲ့သော မသန္တာခိုင်၊ အမျိုးသား ၅၅ ကီလိုဘင်တန် ၀ိတ်တန်းပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သော မောင်စိုးပိုင်၊ အမျိုးသမီး ၅၅ ဒသမ ၆၀ ကီလို လိုက်ဝိတ်တန်းပြိုင်ပွဲတွင် ငွေတံဆိပ်နှင့် ကြေးတံဆိပ်ဆု ရရှိခဲ့သော မမိုးမိုးအေးတို့အား တိုင်းမှူးက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်သည်။

ယင်းနောက်  ဆုရလူငယ် အားကစားသမားများ ကိုယ်စား လူငယ်အားကစားသမား မမိုးမိုးအေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး စုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြကြောင်းသတင်းရရှိသည်။                

Read 31 times Last modified on Tuesday, 10 December 2019 08:08