SJ WorldNews - шаблон joomla Авто

ဘူးသီးတောင်မြို့နယ်၊ ပြင်ရှည်ကျေးရွာ အနီး၌ ရီမုမိုင်းသုံးလုံး သိမ်းဆည်းရမိ

Tuesday, 10 December 2019 08:12 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဒီဇင်ဘာ  

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည်  ဒီဇင်ဘာ  ၈ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် ပြင်ရှည်ကျေးရွာ၏ တောင်ဘက်  မီတာ ၃၀၀ ခန့်အကွာ  ၀ါးခုတ်ချောင်း - တောင်ဘဇာ ကားလမ်းနေရာသို့ အရောက်၌ အလျား ၁၂ ဒသမ ၅ လက်မ၊ အနံ ၉ လက်မ၊ အမြင့် ၄ လက်မရှိ ရီမုမိုင်းသုံးလုံးအား တွေ့ရှိသဖြင့် ခရီးသွား ပြည်သူများနှင့် ဒေသခံပြည်သူများ အန္တရာယ် မဖြစ်စေရေးအတွက်    မိုင်းရှင်းလင်းရေးအဖွဲ့ဖြင့်    သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့သည်။

 အဆိုပါမိုင်း တွေ့ရှိခဲ့သည့်   နေရာတစ်ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

Read 41 times Last modified on Tuesday, 10 December 2019 08:13