SJ WorldNews - шаблон joomla Авто

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၌ ဥပ္ပါတသန်္တိသုတ် ရွတ်ဆိုပြိုင်ပွဲ ဆုပေးပွဲပြုလုပ်

Tuesday, 10 December 2019 08:42 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဒီဇင်ဘာ  

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏  ဥပ္ပါတသန်္တိသုတ် ရွတ်ဆိုပြိုင်ပွဲဆုပေးပွဲကို    ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ   ဇေယျသုခဓမ္မာရုံ၌ပြုလုပ်ရာ မြစ်ကြီးနားမြို့၊ ဓမ္မရကိ္ခတ၀န်းသိုကျောင်းတိုက် ဆရာတော် အဘိဓဇ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထ၀ါစက ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်နှင့် အဖွဲ့ဝင်များ၊  ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်ဝတ်ရွတ် အသင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ  တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဓမ္မရက်္ခိတ ၀န်းသိုကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်၍    သံဃာတော်များအား လှူဖွယ်ပစ္စည်းများ   ဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက်  လှူဒါန်းမှု အစုစုအတွက်  ရေစက်သွန်းချ အမျှပေးဝေကာ  သံဃာတော်များအား  နေ့ဆွမ်းဆက်ကပ် လှူဒါန်းသည်။ယင်းနောက်  ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တာဝန်ရှိသူများက ဆုရရှိသော ၀တ်အသင်း များအား   ဆုများ အသီးသီး ပေးအပ်ကြသည်။

အဆိုပါဥပ္ပါတသန်္တိသုတ် ရွတ်ဆိုပြိုင်ပွဲကို ပြိုင်ပွဲဝင် အသင်း ၁၇ သင်းဖြင့် ဒီဇင်ဘာ ၂ ရက်မှ ယနေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Read 58 times Last modified on Tuesday, 10 December 2019 08:43