SJ WorldNews - шаблон joomla Авто

ရေဖြူမြို့နယ်၊ သဗြေဇွန်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ ကျန်းမာရေး စစ်ဆေးကုသခြင်းများ ဆောင်ရွက်

Tuesday, 10 December 2019 09:31 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဒီဇင်ဘာ 

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ သဗြေဇွန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေး စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က  ဆရာ၊ ဆရာမ  ငါးဦးနှင့်ကျောင်းသား၊ ကျောင်းသူ ၈၄ ဦးတို့ကို အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေး စစ်ဆေးပေးခြင်းနှင့် သွားနှင့်ခံတွင်းရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ နှလုံးရောဂါ၊ အရေပြားရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍   လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း   သတင်းရရှိသည်။

Read 91 times Last modified on Tuesday, 10 December 2019 09:48