SJ WorldNews - шаблон joomla Авто

ဟုမ္မလင်းမြို့၊ အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Wednesday, 11 December 2019 09:31 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဒီဇင်ဘာ  ၁ဝ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းရှိဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေး ကုသရေးအဖွဲ့က အဆိုပါ စာသင်ကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဆရာ၊ ဆရာမ ရှစ်ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၄၅၈ ဦးတို့အား တစ်ကိုယ်ရေသန့်ရှင်းရေး စစ်ဆေးပေးခြင်း၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 51 times Last modified on Wednesday, 11 December 2019 09:32