SJ WorldNews - шаблон joomla Авто

ရပ်စောက်မြို့နယ်၊ တောင်ကွေးကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ သံဃာတော်များနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Tuesday, 14 January 2020 08:47 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်န၀ါရီ  ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ တောင်ကွေးကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ  သံဃာတော်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများကို ယနေ့ နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေး ကုသရေး အဖွဲ့က အဆိုပါ ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော်သုံးပါးနှင့် ဒေသခံ တိုင်းရင်းသားပြည်သူ ၂၂၄ ဦးတို့အား သွားနှင့်ခံတွင်းရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ သွေးတိုးရောဂါ၊ ကလေးရောဂါ၊ အရိုး/အကြောရောဂါ၊ အရေပြားရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ၀မ်းပျက်ဝမ်းလျှောရောဂါ၊ ဖျားနာရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ သုံးဦးအား ဗထူးတပ်မြို့ရှိ နယ်မြေခံတပ်မတော် ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Read 24 times Last modified on Tuesday, 14 January 2020 08:48