SJ WorldNews - шаблон joomla Авто

မြ၀တီမြို့ရှိ တောင်တန်းသာသနာပြု ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ သန့်ရှင်းရေး ပြုလုပ်

Wednesday, 15 January 2020 09:10 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်န၀ါရီ  ၁၄

ကရင်ပြည်နယ်၊ မြ၀တီမြို့၊ အမှတ်() ရပ်ကွက်ရှိ  တောင်တန်း သာသနာပြု ဘုန်းတော်ကြီးသင် ပညာရေးကျောင်း သန့်ရှင်း သာယာမှု ရှိစေရေးအတွက် ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော် သား များက ကျောင်းသား၊ ကျောင်းသူများနှင့် စုပေါင်း ၍ ကျောင်းတိုက်ဝင်းအတွင်း ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊  စေတီတော် ရောင်တော် ဖွင့်ပေးခြင်း၊ စာသင်ခန်းများအတွင်း/အပြင် သန့်ရှင်းရေး ပြုလုပ်ခြင်းများ ဆောင်ရွက် ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးမှုများကို ဒုတိယ တိုင်းမှူး   ဗိုလ်မှူးချုပ် အောင်သီဟနှင့် အဖွဲ့ဝင်များက   သွားရောက် ကြည့်ရှု ပြီး ကျောင်းတိုက်ဆရာတော်   မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဇောတိက တက္ကသီလအား ဖူးမြော်၍ ဆန်၊ ဆီ၊ လှူဖွယ် ပစ္စည်းနှင့် ၀တ္ထုငွေများ  ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။              

 

Read 17 times Last modified on Wednesday, 15 January 2020 09:11