SJ WorldNews - шаблон joomla Авто

ကျိုင်းတုံမြို့၊ ကျိုင်းတုံတက္ကသိုလ် (၁၃)နှစ်ပြည့်အထိမ်းအမှတ် ဈေးရောင်းပွဲတော် ပြုလုပ်

Friday, 24 January 2020 09:17 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်န၀ါရီ  ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ကျိုင်းတုံတက္ကသိုလ် (၁၃)နှစ်ပြည့် အထိမ်း အမှတ် ဈေးရောင်းပွဲတော်အား ယနေ့နံနက်ပိုင်းတွင်   အဆိုပါ တက္ကသိုလ်၌ပြုလုပ်ရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းမြတ်ရွှေ၊ ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ကျိုင်းတုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဒေါ်စမ်းစမ်းမာ၊ ဒုတိယပါမောက္ခ ဒေါက်တာမြတ်ညွန့်နှင့် ကျိုင်းတုံတက္ကသိုလ်မှ ပါမောက္ခဌာနမှူးများ၊ ကထိက၊ လက်ထောက်ကထိကများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ နှင့်ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဈေးရောင်း ပွဲတော် ဈေးဆိုင်ခန်းများအား  လှည့်လည်ကြည့်ရှုသည်။

အဆိုပါဈေးရောင်း ပွဲတော်၌ တိုင်းစစ်ဌာနချုပ်နှင့်  ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ စိုက်ပျိုးမွေးမြူထားသော ဟင်း သီးဟင်းရွက်၊ ကြက်ဥနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သော ကုန်ပစ္စည်းများနှင့် ကျောင်းသား၊ ကျောင်းသူများက တိုင်းရင်း သားရိုးရာ အစားအစာများ၊   လူသုံးကုန်ပစ္စည်းများကို ရောင်းချပေးခဲ့ကြောင်း သတင်း ရရှိသည်။                      

Read 22 times Last modified on Friday, 24 January 2020 09:18