SJ WorldNews - шаблон joomla Авто

လွိုင်ကော်မြို့နယ်၊ သတ္တဗလူကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Friday, 24 January 2020 09:21 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်န၀ါရီ  ၂၃

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ သတ္တဗလူကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံတိုင်းရင်းသား ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံ တိုင်းရင်းသား ပြည်သူ ၁၆၂ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ၊ သွေးတိုးရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အရိုး/အကြောရောဂါ၊ အရေပြားရောဂါ၊ ၀မ်းပျက်ဝမ်းလျှောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း   သတင်း ရရှိသည်။

Read 26 times Last modified on Friday, 24 January 2020 09:22