SJ WorldNews - шаблон joomla Авто

မိုင်းဖြတ် မြို့နယ်၏ (၂၈)ကြိမ်မြောက် စုပေါင်းလားဟူ ရိုးရာ နှစ်သစ်ကူး ပွဲတော်ပြုလုပ်

Friday, 24 January 2020 09:54 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်န၀ါရီ  ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်၏ (၂၈)ကြိမ်မြောက် စုပေါင်းလားဟူ ရိုးရာနှစ်သစ် ကူးပွဲတော်ကို ယနေ့ နံနက်ပိုင်းတွင် မိုင်းဖြတ်မြို့ရှိ မြို့မအားကစားကွင်း၌ ပြုလုပ်ရာ  တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင် နှင့် အဖွဲ့ဝင်များ၊ လားဟူ တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးယောသပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသူများနှင့် ဒေသခံလားဟူတိုင်းရင်းသားများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူး၊ လားဟူတိုင်းရင်းသား ရေးရာဝန်ကြီး၊ လားဟူစာပေနှင့်ယဉ်ကျေးမှု ကော်မတီဥကဋ္ဌတို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးပြီး ရိုးရာလက်ဆေး မင်္ဂလာခံယူခြင်း ပြုလုပ်သည်။ ထို့နောက် တိုင်းမှူးက နှစ်သစ် နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး ချီးမြှင့်ငွေပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။ ယင်းနောက် ၂၀၁၈- ၂၀၁၉ ပညာသင်နှစ်တွင် တကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ခဲ့သော လားဟူတိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူ များအား တိုင်းမှူးနှင့် တာဝန်ရှိသူများကုဏ်ပြုဆုများ  အသီးသီး ပေးအပ် ချီးမြှင့်သည်။

ဆက်လက်ပြီး လားဟူ တိုင်းရင်းသား ရေးရာဝန်ကြီးနှင့် မိုင်းဖြတ်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်း ဇော်ထွန်း တို့က အမှာစကား ပြောကြားပြီး လားဟူ တိုင်းရင်းသားများကိုယ်စား ကိုယ်စားလှယ် တစ်ဦးက ကျေးဇူးတင် စကားပြန်လည် ပြောကြားသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက လားဟူရိုးရာ ယဉ်ကျေးမှု အကများဖြင့် ဖျော်ဖြေတင်ဆက် မှုများအား ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 39 times Last modified on Friday, 24 January 2020 10:25