SJ WorldNews - шаблон joomla Авто

ပုသိမ်မြို့၊ ခါတော်မှီ ပရိယတိ္တ စာသင်တိုက်တွင် ပြုလုပ်သော (၃၇)ကြိမ်မြောက်၊ ပုသိမ်ခရိုင်လုံး ဆိုင်ရာ ရွှေကျင်နိ ကာယ ၀ိနယဓမ္မ စာဖြေစာပြန်ပွဲတော်ကြီးမှ စာဖြေသံဃာတော်အပါး ၅၀၀ ကျော်အား နေ့ဆွမ်းဆက်ကပ်စုပေါင်း လှူဒါန်းပွဲ ပြုလုပ်

Friday, 24 January 2020 09:55 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်န၀ါရီ  ၂၃

ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့၊ ခါတော်မှီ ပရိယတိ္တ စာသင်တိုက်တွင် ပြုလုပ်သော (၃၇)ကြိမ်မြောက်၊ ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယ ၀ိနယဓမ စာဖြေ စာပြန်ပွဲတော်ကြီးမှ စာဖြေသံဃာတော် အပါး ၅၀၀ ကျော်အား အနောက်တောင်တိုင်း စစ်ဌာနချုပ်နှင့်ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစု များ၏ နေ့ဆွမ်း ဆက်ကပ် စုပေါင်းလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စာသင်တိုက်၌ ပြုလုပ်ရာ   သံဃနာယက အဖွဲ့ဥကဋ္ဌ (ရွှေကျင်)၊ ပုသိမ်မြို့၊ ၀ိနည်းပြန် ဌာနဂိုဏ်းအုပ် ဆရာတော် မောင်းထောင်ကျောင်း ပရိ ယတိ္တစာသင်တိုက် ဦးစီးပဓာန နာယကဆရာ တော် နိုင်ငံတော်သြ၀ါဒါစရိယ အဂမဟာ ဂန၀ါစက ပဏ္ဍိတ ဘ္ဒနပညာဓိက အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ် တင်စိုးနှင့်အဖွဲ့ ၀င်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယတိုင်းမှူးနှင့် တက်ရောက် လာကြသူများက မဟာသီဝံကျောင်း ဦးစီး ပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွား ချီးမြှင့်တော်မူသည့် ပရိတ်တရား တော်များနာ ယူကြသည်။ ထို့နောက် သင်္ကန်း၊ န၀ကမအလှူငွေနှင့် လှူဖွယ် ပစည်းများ ဆက်ကပ် လှူဒါန်းသည်။   ယင်းနောက် ဒုတိယ တိုင်း မှူးနှင့် တက်ရောက်လာကြသူ များက ခါတော်မှီကျောင်း ပရိယတိ္တ စာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော် မဟာ သဒဇောတိကဓဇ ဘ္ဒန္တ ကုမာရထံမှ အနုမောဒနာ တရားနာကြားကာ ရေစက်သွန်းချ အမျှပေး ဝေကြပြီး သံဃာတော်များအား  နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။                          

၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊                  

Read 39 times Last modified on Friday, 24 January 2020 09:56