SJ WorldNews - шаблон joomla Авто

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဧချမ်းဓမ္မာရုံရှိ ဗုဒ္ဓ ရုပ်ပွားတော်မြတ် သီတင်းသုံးတော်မူရာ ဂန္ဓ်္ဓ ကုဋီတိုက်တော် ဘက်စုံပြုပြင် မွမ်းမံခြင်း၊ ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တင်လှူပူဇော်ခြင်းပြုလုပ်

Friday, 24 January 2020 09:56 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်န၀ါရီ  ၂၃

တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းဧချမ်း ဓ္မာရုံရှိ ဗုဒရုပ်ပွားတော်မြတ် သီတင်းသုံး တော်မူရာ ဂန္ဓ ကုဋီတိုက်တော် ဘက်စုံပြုပြင် မွမ်းမံခြင်း၊ ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တင်လှူပူဇော်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါဓမ်္မာရုံ၌ပြုလုပ်ရာ တောင်ငူမြို့၊ ကြာနီကန် ပရိယတ်္တိစာသင် တိုက် ဦးစီးပဓာနနာယကဆရာတော် အဂ္ဂ မဟာ ပဏ္ဍိတ အဂမဟာ ဂန၀ါစက ပဏ္ဍိတ ဘဒသူရိယ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တောင်ပိုင်း တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင် များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက ကြာနီကန် ပရိယတ်္တိစာသင်တိုက် ဆရာတော်ထံမှ    ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး သံဃာတော်များထံ ရွှေထီးတော်၊ ငှက်မြတ် နားတော်နှင့် စိန်ဖူး တော်တို့ကို ဆက်ကပ် လှူဒါန်းသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက် လာကြသူများက ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော် တို့ကို ဂန္ဓ ကုဋီ တိုက်တော် အထွတ်သို့ ပင့်ဆောင် တင်လှူပူဇော်ကြသည်။

ဆက်လက်ပြီး သံဃာတော်များက ရွှေထီးတော်ကို အနေကဇာတင် ပူဇော်ကြပြီး တိုင်းမှူးနှင့် တက်ရောက် လာကြသူ များက ပရိတ်တရားတော်များနာယူကြကာ သံဃာတော်များအား လှူဖွယ်ပစ်္စည်းများဆက်ကပ် လှူဒါန်းသည်။ ယင်းနောက် ကြာနီကန် ကျောင်းဆရာတော်ထံမှ အနုမောဒနာ တရားနာကြားကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက် သွန်းချ အမျှပေးဝေကြပြီး သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။      

၊၊၊၊၊၊၊၊၊၊၊

Read 42 times Last modified on Friday, 24 January 2020 09:58