SJ WorldNews - шаблон joomla Авто

AA အကြမ်းဖက် သောင်းကျန်းသူများက ဘူးသီးတောင်မြို့နယ်၊ ကင်းတောင်ကျေးရွာ အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်၊ ရွာသား ၂ ဦးသေ၊ ၇ ဦး ဒဏ်ရာရရှိ

Saturday, 25 January 2020 11:08 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇန်န၀ါရီ  ၂၅

၂၀၂၀ ပြည့်နှစ်၊ ဇန်န၀ါရီလ ၂၅ ရက်နေ့ နံနက် ၁ နာရီ ၂၀ မိနစ်အချိန် AA အကြမ်းဖက် သောင်းကျန်းသူများက ဘူးသီးတောင်မြို့နယ်၊ ကင်းတောင်ကျေးရွာအတွင်း သို့လက်နက်ကြီးများဖြင့် အ ကြောင်းမဲ့ ပစ်ခတ်ခဲ့သဖြင့် ကင်းတောင်ကျေးရွာသား ၂ ဦး သေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရ သည်။

ဖြစ်စဉ်မှာ ဘူးသီးတောင်မြို့နယ်ရှိ တပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေး ယူထားသော ဖုန်ညိုလိပ်တံတား အား AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက  ဇန်န၀ါရီလ ၂၅ ရက်နေ့ နံနက် ၁ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် တံတား၏အရှေ့မြောက် ဘက် မီတာ ၁၀၀၀ ခန့်အကွာ နေရာ ၂ နေရာမှ လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မိမိတပ်များက ၄င်းတို့ရှိရာ အရှေ့မြောက်ဘက်သို့ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ သည်။ ထို့သို့ပစ်ခတ်တိုက်ခိုက်စဉ် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီး ကျည်များ ကင်းတောင်ကျေးရွာ အတွင်းကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကျေးရွာနေ မနူဟာဘာ(ဘ)အဒူနော်ဘီသည် လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာဖြင့် အဆိုပါနေရာ၌ပင် သေဆုံးခဲ့ပြီး မအိုမာဟာဘီ(ဘ)ဟာမာတူဆောင်းသည် ဘူးသီးတောင်ဆေးရုံသို့ပို့ဆောင်ခဲ့ရာ ရရှိဒဏ်ရာ ဖြင့် ဆေးရုံ၌ သေဆုံးခဲ့ပြီး ဂျာမာလုဆောင်း(ဘ)ရှော်ရှီတာမောက် အပါအ၀င် ၇ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် တပ်မတော်စစ်ကြောင်းများဖြင့် တိုက်ပွဲများ ဖြစ်ပွားစဉ် ဖြစ်စဉ်အနီးရှိ ဘင်္ဂါလီကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ခြင်းများ ဆောင်ရွက် လျက်ရှိသည်။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၀ပြည့်နှစ်၊ ဇန်န၀ါရီလအတွင်း AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များက ဖုန်ညိုလိပ်တံတားအား နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်မှုမှာ ၅ ကြိမ်ခန့် ရှိကြောင်း တွေ့ရှိရသည်။ ၄င်းအပြင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်တွင် ထိပ်တူးပေါက် ကျေးရွာနေ ဟာမစ်ဟူဆောင်(ဘ)မာမွတ်ဆလံ အား ဗဗ အကြမ်းဖက် သောင်းကျန်းသူများက ၄င်းအဖွဲ့အား ထောက်ခံအားပေးမှုမရှိ သဖြင့်လက်နက်ငယ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်န၀ါရီလ ၇ ရက်တွင် AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲခဲ့သဖြင့် ထိပ်တူး ပေါက်ကျေးရွာမှ ကလေးငယ် ၄ ဦး သေဆုံးခဲ့ပြီး ကျောင်းဆရာ ၁ ဦးဖြစ်သည့် အလီဇူဟာရှ်(ဘ) ဆူတာအာမတ် အပါအ၀င် ၆ ဦးဒဏ်ရာရရှိခဲ့ခြင်းတို့ ဖြစ်ပွားခဲ့သည်။

အဆိုပါ ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့ များက ဘူးသီးတောင် မြို့နယ်ရှိ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ဆေးကုသမှုခံယူစေပြီး လိုအပ်သည့်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။

Read 46 times Last modified on Tuesday, 28 January 2020 13:04