SJ WorldNews - шаблон joomla Авто

မူကြို ကလေးငယ်များ ကာယဉာဏ စွမ်းရည်ပြိုင်ပွဲပြုလုပ်

Wednesday, 12 February 2020 12:16 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၁၁

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မြန်မာနိုင်ငံကလေး များနေ့အထိမ်းအမှတ် မူကြိုကလေးငယ်များ ကာယ ဉာဏ စွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်း တွင် တိုင်းစစ်ဌာနချုပ် အားကစားခန်းမ၌ပြုလုပ်ရာ  တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်နှင့် အရာရှိ၊ စစ်သည်၊  မိသားစုဝင်များ၊ ဆရာ၊ ဆရာမများနှင့် မူကြိုကလေး ငယ်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့်အဖွဲ့ဝင်များက ကလေးငယ်များ ၏ကာယဉာဏစွမ်းရည်ယှဉ်ပြိုင်နေမှုများအား ကြည့်ရှု အားပေးကြ သည်။ ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များက ဆုရရှိသောအသင်းများနှင့် ပြိုင်ပွဲဝင်မူကြိုကလေး ငယ်များအား ဆုနှင့်လက်ဆောင်ပစည်းများပေးအပ်ပြီး  အာဟာရ ကျွေးမွေးခဲ့သည်။

အဆိုပါပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်  တပ်ရင်း/တပ်ဖွဲ့များရှိ မူလတန်းကြိုကျောင်းများမှ  ပြိုင်ပွဲဝင်အသင်း ၁၄ သင်းအား ပြိုင်ပွဲအမျိုးအစား ၁၀  မျိုးဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

...........

Read 43 times Last modified on Wednesday, 12 February 2020 12:24