SJ WorldNews - шаблон joomla Авто

မွန်ပြည်နယ်အတွင်းရှိ မြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား တွေ့ဆုံ၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Friday, 14 February 2020 08:52 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၁၃

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား ယနေ့မွန်းလွဲပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်နှင့်  အဖွဲ့ဝင်များက တိုင်းစစ်ဌာနချုပ်၊   အောင်ဆန်းခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကား ပြောကြားပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ်  ညှိနှိုင်းဆောင်ရွက်ပေးကာ   စားသောက်ဖွယ်ရာနှင့် အသုံးအဆောင် ပစ္စည်းများ ပေးအပ်သည်။

ထို့ပြင် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသ ရေးအဖွဲ့က တိုင်းစစ်ဌာနချုပ် သန်္တိသုခဓမ္မာရုံ၌ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ မျက်စိရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ၊  အရိုး/ အကြောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်း၊ Ultrasound ရိုက်ပေးခြင်းများ ဆောင်ရွက်ပေးပြီး   ဆေးရုံတက်ရောက် ကုသရန်  လိုအပ်သူ ၂၀  ဦးကို မော်လမြိုင်မြို့ရှိ  တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက   သွားရောက် ကြည့်ရှုအားပေးပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား စာကြည့်မျက်မှန်များ တပ်ဆင် ပေးခဲ့ကြောင်း သတင်း ရရှိသည်။ 

Read 17 times Last modified on Friday, 14 February 2020 08:53