SJ WorldNews - шаблон joomla Авто

တာချီလိတ်မြို့နယ်၊ နမ့်လွဲရွာသစ် ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Friday, 14 February 2020 08:56 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ   ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊   မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊  နမ့်လွဲ ရွာသစ်ကျေးရွာရှိ    ဒေသခံ တိုင်းရင်းသား ပြည်သူများအား  ဖေဖော်ဝါရီ  ၁၁ ရက်တွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ်   နယ်လှည့်ဆေးကုသရေး အဖွဲ့က   အဆိုပါကျေးရွာ၌  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ဒေသခံ တိုင်းရင်းသားပြည်သူ ၃၂၂ ဦးတို့ကို သွေးတိုးရောဂါ၊ အရိုး/အကြောရောဂါ၊ အစာအိမ်ရောဂါ၊ ကလေး ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသ ပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို နယ်မြေခံတပ်မှ  တာဝန်ရှိသူများက သွား ရောက်ကြည့်ရှု အားပေးပြီး ကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းမှ  ဆရာ၊ ဆရာမများနှင့်  ကျောင်းသား၊ ကျောင်းသူများအား  စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။       

Read 17 times Last modified on Friday, 14 February 2020 08:57