SJ WorldNews - шаблон joomla Авто

ကော့သောင်းမြို့နယ်၊ ကံပုံလားမားချောင်းဝ ကျေးရွာ၊ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Friday, 14 February 2020 08:59 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊  ကံပုံလားမားချောင်းဝ ကျေးရွာ၊ အခြေခံပညာ မူလတန်းလွန်ကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသ ရေးအဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က  ဆရာ၊  ဆရာမ ၁၈ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၁၁၉ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊   အသက်ရှူလမ်း ကြောင်းဆိုင်ရာရောဂါ၊ အရေပြားရောဂါ၊  အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်  ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး သွားနှင့်ခံတွင်း ရောဂါအကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။  

Read 15 times Last modified on Friday, 14 February 2020 09:00