SJ WorldNews - шаблон joomla Авто

စေတုတ္တရာမြို့နယ်ရှိ ကျေးရွာများ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Friday, 14 February 2020 09:03 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၁၃

မကွေးတိုင်းဒေသကြီး၊စေတုတ္တရာမြို့နယ်၊ စွယ်အင်းကျေးရွာနှင့် ကန်ဒိုင်ကျေးရွာရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံ ပြည်သူများအား ဖေဖော်ဝါရီ ၁၂ ရက် နံနက်ပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေး ကုသရေး အဖွဲ့က အဆိုပါ ကျေးရွာများရှိ အခြေခံပညာ အလယ်တန်းကျောင်းများ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူ ၅၁ ဦးနှင့်  ဒေသခံပြည်သူ  ၃၈ ဦးတို့ကို သွေးတိုးရောဂါ၊  ဆီးချိုရောဂါ၊  အရိုး/အကြောရောဂါ၊  အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊   သားဖွား/ မီးယပ်ရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ အရေပြားရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ

သည်။

Read 18 times Last modified on Friday, 14 February 2020 09:04