SJ WorldNews - шаблон joomla Авто

အမည်မသိ လူနှစ်ဦး၏ လက်နက်ငယ်ဖြင့် ပစ်ခတ်မှုကြောင့် ကျောက်မဲမြို့နယ်၊ မန်စန်းကျေးရွာနေ ဒေသခံပြည်သူ တစ်ဦးသေဆုံး

Friday, 14 February 2020 09:14 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ မိုင်းတင်းကျေးရွာအုပ်စု၊ မန်စန်းကျေးရွာနေ ဦးကောထို(ဘ)ဦးစံလေးသည် ယနေ့နံနက် ၉ နာရီခွဲခန့်တွင် ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၅၀၀ ခန့်အကွာရှိ လယ်ကွင်း၌ နွားကျောင်းနေစဉ် လယ်ကွင်းအနီးရှိ ၀ါးရုံတော အတွင်းမှ အမည်မသိ လူနှစ်ဦးမှ လက်နက်ငယ်ဖြင့် ပစ်ခတ်၍ ဆိုင်ကယ်ဖြင့် လွယ်အံ့ကားလမ်းအတိုင်း မောင်းနှင်ထွက်ပြေးသွားကြောင်း သိရှိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ဦးကောထိုသည် လက်နက်ငယ်ထိမှန် ဒဏ်ရာများဖြင့် နေရာ၌ပင် သေဆုံးခဲ့ပြီး အလောင်းအား နမ့်ခုံးပရဟိတ နာရေးကူညီမှုအသင်းမှ မော်တော်ယာဉ်ဖြင့် ကျောက်မဲမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ခဲ့ကြောင်း သတင်း ရရှိသည်။

Read 45 times Last modified on Friday, 14 February 2020 09:15