SJ WorldNews - шаблон joomla Авто

မုံရွာမြို့ရှိ တပ်မတော် ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေသူများကို ကြည့်ရှုအားပေး

Saturday, 15 February 2020 09:45 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊    မုံရွာမြို့ရှိ တပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့များဖြင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးစဉ် ဆေးရုံတက်ရောက်ကုသမှု ခံယူစေခဲ့သည့် ဒေသခံ ပြည်သူများကို ယနေ့နေ့လယ်ပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်နိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်ကောင်းမွန်မှု အခြေအနေများအား ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားပြီး စားသောက် ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက်   တိုင်းမှူးနှင့် အဖွဲ့ဝင်များသည်  ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။  

Read 13 times Last modified on Saturday, 15 February 2020 09:46