SJ WorldNews - шаблон joomla Авто

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့် အထူးဆေးကုသရေး အဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Saturday, 15 February 2020 09:46 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၁၄

မကွေးတိုင်းဒေသကြီးအတွင်း ရောက်ရှိ နေသော တပ်မတော်နယ်လှည့်အထူးဆေးကုသရေး အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် သရက်မြို့နယ်၊ ဝိသုဒ္ဓါရာမကျောင်းတိုက်တွင် အခြေပြု၍လည်းကောင်း၊ နယ်လှည့်ဆေးကုသရေး အဖွဲ့သည်  အလတ်လည်ကျေးရွာ၌ လည်းကောင်း ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံ ပြည်သူ စုစုပေါင်း ၁၄၆၉ ဦးကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၄၁၆ ဦး၊ ခွဲစိတ်ရောဂါ ၁ဝ၃ ဦး၊ ကလေးရောဂါ ၁၃၂ ဦး၊   သားဖွား/မီးယပ်ရောဂါ ၅၄ ဦး၊ အရိုးရောဂါ ၁၆၇ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၄၅ ဦး၊ မျက်စိရောဂါ ၂၅၉ ဦး၊ သွားရောဂါ ၁၂၁ ဦးနှင့် အထွေထွေရောဂါ ၁၇၂ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၄င်းတို့အနက်မှ မျက်စိခွဲစိတ်လူနာငါးဦးနှင့် အထွေထွေခွဲစိတ်လူနာလေးဦးတို့ကို ရွေ့လျားခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ဓာတ်မှန်ရိုက် လူနာ ၃၂ ဦး၊ Ultrasound ရိုက်လူနာ ၅၁ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၃၅ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၆ဝ ဦးတို့ကို ရွေ့လျားဓာတ်မှန်ရိုက်ယာဉ်နှင့် ရွေ့လျား ဓာတ်ခွဲခန်းယာဉ်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ် စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူ လေးဦးအား နီးစပ်ရာ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။  

Read 17 times Last modified on Saturday, 15 February 2020 09:47