SJ WorldNews - шаблон joomla Авто

မဘိမ်းမြို့နယ်အတွင်း တရားမဝင်သစ်များ သိမ်းဆည်းရမိ

Saturday, 15 February 2020 10:10 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁၃ ရက် နေ့လယ်ပိုင်းတွင် မဘိမ်းမြို့နယ်၊ မယ်ဇလီ ကျေးရွာ၏ အရှေ့တောင်ဘက် ၂ မိုင်ခန့် အကွာနှင့် အနီးတစ်ဝိုက်သို့ အရောက်၌ တရားမဝင်စုပုံထားသော ကျွန်းသစ်ခွဲသား ဆိုဒ်စုံ ၂ဝ တန်ခန့်အား ပိုင်ရှင်မဲ့သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ တရားမဝင်သစ် များအား မဘိမ်းမြို့နယ် သစ်တောဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Read 20 times Last modified on Saturday, 15 February 2020 10:11