SJ WorldNews - шаблон joomla Авто

ကျိုင်းလပ်မြို့၊ ဝမ်လန်ကျေးရွာမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Saturday, 15 February 2020 10:12 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့နယ်၊ ကျိုင်းလပ်မြို့၊ ဝမ်လန်ကျေးရွာမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများကို ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဆရာ၊ ဆရာမနှစ်ဦး၊ ကျောင်းသား၊ ကျောင်းသူ ၃၉ ဦးနှင့် ဒေသခံတိုင်းရင်းသားပြည်သူ ၁၅၆ ဦးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါ၊ အရိုး/အကြောရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ကလေးရောဂါ၊ ဖျားနာရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်း၊ Ultrasound ရိုက်ပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်နေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 23 times Last modified on Saturday, 15 February 2020 10:12