SJ WorldNews - шаблон joomla Авто

ခိုလမ်မြို့ရှိ တပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေသူများကို ကြည့်ရှုအားပေး

Saturday, 15 February 2020 10:12 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရှိ တပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများကို ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်နှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှုအားပေးပြီး တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးဝါး ကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက် ကောင်းမွန်မှု အခြေအနေများအား ရင်းရင်း နှီးနှီးမေးမြန်း အားပေးစကား ပြောကြားပြီး  စားသောက်ဖွယ်ရာများ  ပေးအပ်သည်။

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 25 times Last modified on Saturday, 15 February 2020 10:13