SJ WorldNews - шаблон joomla Авто

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့် အထူးဆေးကုသရေး အဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Sunday, 16 February 2020 09:27 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၁၅

မကွေးတိုင်းဒေသကြီးအတွင်း ရောက်ရှိနေသော တပ်မတော်နယ်လှည့် အထူးဆေးကုသရေး အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် သရက်မြို့နယ်၊၀ိသုဒ္ဓါရာမ ကျောင်းတိုက်တွင် အခြေပြု၍ လည်းကောင်း၊ နယ်လှည့် ဆေးကုသရေး အဖွဲ့သည်  လျှော်တောင်ကျေးရွာ၌ လည်းကောင်း ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူစုစုပေါင်း   ၁၆၂၄  ဦးကိုကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင်  ဆေးကုသမှုဆိုင်ရာ ရောဂါ ၄၆၂ ဦး၊ ခွဲစိတ်ရောဂါ ၉၀ ဦး၊  ကလေးရောဂါ ၁၁၂ ဦး၊ သားဖွား/မီးယပ်ရောဂါ ၅၀ ဦး၊ အရိုးရောဂါ ၃၉၂ ဦး၊  နား/နှာခေါင်း/လည်ချောင်းရောဂါ ၇၉ ဦး၊ မျက်စိရောဂါ ၂၃၇ ဦး၊ သွားရောဂါ ၉၂ ဦးနှင့် အထွေထွေရောဂါ ၁၁၀ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ မျက်စိခွဲစိတ်လူနာ ၁၂ ဦးနှင့် အထွေထွေခွဲစိတ်လူနာ ကိုးဦးတို့ကို ရွေ့လျားခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။  ထို့ပြင်  ဓာတ်မှန်ရိုက်လူနာ  ၃၅ ဦး၊ Ultrasound ရိုက်လူနာ ၃၆ ဦး၊  ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ  ၄၂  ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၇၅ ဦးတို့ကို  ရွေ့လျားဓာတ်မှန်ရိုက် ယာဉ်နှင့် ရွေ့လျားဓာတ်ခွဲခန်း ယာဉ်တို့ဖြင့် ရောဂါရှာဖွေ စမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူငါးဦးအား နီးစပ်ရာ တပ်မတော် ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 26 times Last modified on Sunday, 16 February 2020 09:29