SJ WorldNews - шаблон joomla Авто

ကျိုင်းတုံမြို့ရှိ ရှေးဟောင်းသမိုင်းဝင် စွမ်ခမ်း(စွမ်တောင်း) စေတီတော်မြတ်ကြီး၌ သန့်ရှင်းရေးပြုလုပ်

Sunday, 16 February 2020 09:32 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ရှေးဟောင်းသမိုင်းဝင် စွမ်ခမ်း(စွမ်တောင်း) စေတီတော်မြတ်ကြီး အတွင်း/အပြင်နှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာမှု ရှိစေရေး အတွက် ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊   ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဌာနဆိုင်ရာများက အဆိုပါ စေတီတော်မြတ်ကြီး အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်း ပေးခြင်းနှင့်   စေတီတော်ရင်ပြင် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်နေမှုများကို တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့် အဖွဲ့ဝင်များက  သွား ရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း  သတင်း ရရှိသည်။                          

Read 21 times Last modified on Sunday, 16 February 2020 09:32