SJ WorldNews - шаблон joomla Авто

တပ်မတော်အသံလွှင့်တပ်၊ သဇင်အသံလွှင့်ဌာနသို့ အမျိုးသား စီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ် သတင်း အတတ်ပညာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာဒေါ်ဇင်မာကျော် ဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူ ၇ ဦးပါဝင်သည့် လေ့လာရေးအဖွဲ့ Radio Journalism ဘာသာရပ်အတွက် လေ့လာရေးခရီး လာရောက်

Sunday, 16 February 2020 11:33 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဖေဖော်ဝါရီ  ၁၅

ပြင်ဦးလွင်မြို့ တပ်မတော်အသံလွှင့်တပ်၊ သဇင်အသံလွှင့်ဌာနသို့ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ အမျိုးသား စီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ် သတင်းအတတ်ပညာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာဒေါ်ဇင်မာကျော် ဦးဆောင်၍   ကျောင်းသား၊ ကျောင်းသူ ၈၇ ဦးပါဝင်သည့် လေ့လာရေး အဖွဲ့သည်  Radio Journalism ဘာသာရပ်အတွက် လေ့လာရေးခရီး ရောက်ရှိခဲ့ကြသည်။

လေ့လာရေးခရီး လာရောက်ကြသော ကျောင်းသား၊ ကျောင်းသူများအား သဇင်အသံလွှင့်ဌာနမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ပြီး သဇင်အသံလွှင့်ဌာန သမိုင်းနှင့် လက်ရှိထုတ်လွှင့်လျက်ရှိသော အစီအစဉ်များ၊ အစီအစဉ်များ ရေးဆွဲခြင်းနှင့် အသံထုတ်လွှင့်မှု လုပ်ငန်းအဆင့်ဆင့်ကို ရှင်းလင်း တင်ပြခဲ့သည်။ ထို့နောက် စတူဒီယို စက်ရုံအတွင်း တိုက်ရိုက် ထုတ်လွှင့်မှုများနှင့် လုပ်ငန်းဆောင်ရွက်မှုများကို ကျောင်းသား၊ ကျောင်းသူများက လှည့်လည်လေ့လာ ခဲ့ကြပြီး သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများမှ ရှင်းလင်းဖြေကြားပေးခဲ့သည်။

သတင်းအတတ်ပညာ အထူးပြုဘာသာရပ်သည် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင် မြို့နယ်ရှိ အမျိုးသား စီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်၌ လေးနှစ်တာ ပညာသင်ကြားရပြီး  ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာ စာသင်နှစ်အလိုက် လေ့လာရေးခရီးများ သွား၍ စာတွေ့နှင့် လက်တွေ့ ပေါင်းစပ် အသုံးချနိုင်စေရန် သင်ကြားပေးလျက်ရှိသော အထူးပြုဘာသာရပ် တစ်ခုဖြစ်သည်။

အဆိုပါ အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်မှ B.A(Journalism) သတင်းအတတ်ပညာဘွဲ့၊ B.T.H.M(Bachelor of Tourism and Hospitality Management) ခရီးသွား လုပ်ငန်းနှင့်  ဧည့်ဝန်ဆောင်မှု B.B.M (Bachelor of  Business Management)စီးပွားရေး လုပ်ငန်း စီမံခန့်ခွဲမှု ပညာဘွဲ့၊ E.P.P (English For Professional Purpose) လုပ်ငန်းသုံး  အင်္ဂလိပ်စာ ပညာဘွဲ့တို့အား နှစ်စဉ်ပေးအပ်လျက် ရှိကြောင်း သတင်းရရှိသည်။                           

Read 29 times Last modified on Sunday, 16 February 2020 11:34