SJ WorldNews - шаблон joomla Авто

မတူပီမြို့၊ တောင်တန်းသာသနာပြု ဗဟိုကျောင်းတိုက်နှင့် ဟုမ္မလင်းမြို့နယ်၊ စံကပ်ကျေးရွာတို့၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Monday, 17 February 2020 08:48 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၁၆

ချင်းပြည်နယ်၊ မတူပီမြို့၊ တောင်တန်းသာသနာပြု ဗဟိုကျောင်းတိုက်ရှိ သံဃာတော်များ၊  ရှင်သာမဏေများ၊  နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူ များအား ဖေဖော်ဝါရီ ၁၅ ရက်နံနက်ပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ တောင်တန်းသာသနာပြု ဗဟိုကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော်နှင့် ရှင်သာမဏေ သုံးပါး၊ ကျောင်းသား၊ ကျောင်းသူ ၇၆ ဦးနှင့် ဒေသခံပြည်သူ ၄၈ ဦးတို့ကို မျက်စိရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊   အရိုး/အကြောရောဂါ၊ အရေပြားရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

အလားတူ တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ်္မလင်းမြို့နယ်၊ စံကပ်ကျေးရွာရှိ ဒေသခံပြည်သူ ၁၉၂ ဦးတို့ကို ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌   သွေးတိုးရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ အရိုး/အကြောရောဂါ၊ မျက်စိရောဂါ၊ အရေပြားရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူတစ်ဦးကို   ဟုမ္မလင်းမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးမှုများကို သက်ဆိုင်ရာ တပ်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး တောင်တန်းသာသနာပြု ဗဟိုကျောင်းတိုက် ဆရာတော် နှင့် စံကပ်ကျေးရွာ ရန်ကင်းကျောင်းတိုက် ဆရာတော်တို့အား ဖူးမြော်ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။                        

Read 27 times Last modified on Monday, 17 February 2020 08:49