SJ WorldNews - шаблон joomla Авто

မြစ်ကြီးနားမြို့ရှိ ဓမ္မသိဒ်္ဓိတောင်ပေါ် တောရကျောင်းတိုက်၌ တည်ထားတော်မူသော စူဠာမဏိ စေတီတော်မြတ်ကြီးအား ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့်စိန်ဖူးတော်တင်လှူ ပူဇော်

Monday, 17 February 2020 09:07 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၁၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မော်ဖောင်းကျေးရွာအုပ်စု၊ နည်းပညာ တက္ကသိုလ်အနီး ဓမ္မသိဒ္ဓိတောင်ပေါ်တောရ ကျောင်းတိုက်အတွင်း တည်ထားတော်မူသော စူဠာမဏိ စေတီတော်မြတ်ကြီးအား ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တင်လှူ ပူဇော်ခြင်းကို ယနေ့နံနက်ပိုင်းတွင်  အဆိုပါ စေတီတော်၌ပြုလုပ်ရာ မြစ်ကြီးနားမြို့၊ ဓမ္မရက်္ခိတ ၀န်းသိုကျောင်းတိုက်ဆရာတော် အဘိဓဇအဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထ၀ါစက ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်   တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စေတနာရှင် အလှူရှင်များ၊ ဖိတ်ကြားထားသူများ   တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဓမ္မရက္ခိတ ၀န်းသိုကျောင်းတိုက် ဆရာတော်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များထံ  ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် ဘုံအဆင့်ဆင့်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ယင်းနောက်   တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်ဘုံ အဆင့်ဆင့်တို့ကို စေတီတော်အား   လက်ယာရစ် လှည့်လည်ပူဇော်၍ မင်္ဂလာရထားပျံဖြင့် စေတီတော်တွင် တင်လှူပူဇော်ကြပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း  သတင်းရရှိသည်။

Read 31 times Last modified on Monday, 17 February 2020 09:08