SJ WorldNews - шаблон joomla Авто

မန္တလေးမြို့ ၊ မဟာမုနိဘုရားကြီး၏ (၃၁)ကြိမ်မြောက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ပြုလုပ်

Monday, 17 February 2020 09:13 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၁၆

မန္တလေးမြို့၊   မဟာမုနိဘုရားကြီး၏ (၃၁)ကြိမ်မြောက်  ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယနေ့နေ့လယ်ပိုင်းတွင် အဆိုပါ ဘုရားကြီး ပရိဝုဏ်၌ပြုလုပ်ရာ ဘုရားအမှူးပြုသော မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပါတ်ကုန်းပျော်ဘွယ် ရပ်ရှိ မဟာဝိဇိတာရုံ ပရိယတ်္တိစာသင်တိုက်   ပဓာနနာယက ဆရာတော်   နိုင်ငံတော်သြ၀ါဒါ စရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ၀ိစာရိန္ဒာဘိဝံသနှင့် သံဃာတော်များ ကြွရောက်တော်မူကြသည်။

ကြွရောက်လာသော မဟာဝိဇိတာရုံ ပရိယတ်္တိစာသင်တိုက်    ပဓာနနာယက ဆရာတော်နှင့် သံဃာတော်အပါး ၁၁၀၀ ပါး တို့အား အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အဖွဲ့ဝင်များနှင့် အလှူရှင်များက ငွေကျပ်သိန်းပေါင်း ၅၆၀၀ ကျော်တန်ဖိုးရှိ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်းလှူ ခဲ့ကြကြောင်း သတင်းရရှိသည်။

Read 31 times Last modified on Monday, 17 February 2020 09:14