SJ WorldNews - шаблон joomla Авто

ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော် ရင်ပြင်တော်၌ အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်း အောင်ပွဲပြုလုပ်

Monday, 17 February 2020 09:18 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၁၆

ရန်ကုန်တိုင်း စစ်ဌာနချုပ်က   ကြီးမှူးကျင်းပသည့် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်း အောင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ရွှေတိဂုံစေတီတော် ရင်ပြင်တော်ရှိ ဒေါ်စောမြတန်ဆောင်း၌ ပြုလုပ်ရာ ညောင်တုန်းပါဠိတက္ကသိုလ် ကျောင်းတိုက်မှ အဂ္ဂမဟာဂန္ထ၀ါစက ပဏ္ဍိတ စေတိယင်္ဂဏ ပ၀ရသိရီမဟာဓမ္မဂုရု  (သ.စ.အ ဓမ္မာစရိယ)၀ဋံသကာ ပါဠိပါရဂူ လှရတနာဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့် အဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ   တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် အဖွဲ့ဝင်များက သံဃာတော်များအား   အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပြီး   လှရတနာ ဆရာတော်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

အဆိုပါ အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ဖေဖော်ဝါရီ ၁၂ ရက်မှ ယနေ့ အထိ ပြုလုပ်ခဲ့ပြီး တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်များမှ  အလှူငွေကျပ်သိန်း ၄၀ ကျော် လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ရန်ကုန်တပ်နယ်မှ တပ်မတော်သားများက ရွှေတိဂုံစေတီတော် အထက်ပစ္စယာနှင့် ရင်ပြင်တော်တို့၌   သန့်ရှင်းရေး လုပ်ငန်းများအား လုပ်အားဒါနအဖြစ် ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။        

Read 26 times Last modified on Monday, 17 February 2020 09:19