SJ WorldNews - шаблон joomla Авто

၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား မေးခွန်းငါးစုံနှင့်အဖြေစာအုပ်များ ပေးအပ်

Monday, 17 February 2020 09:23 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၁၆

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ လားရှိုးတပ်နယ် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား မေးခွန်း ငါးစုံနှင့် အဖြေစာအုပ်များ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက အတွဲ(၁)၀ိပ္ပံတွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ ၁၁၀ ဦး၊ အတွဲ(၂) ၀ိဇ္ဇာတွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ ၄၅ ဦးနှင့် အတွဲ(၇) သိပ္ပံတွဲ ဖြေဆိုမည့်ကျောင်းသား၊ကျောင်းသူ ၁၁၀ ဦးတို့ကို မေးခွန်းနှင့် အဖြေစာအုပ်များ အသီးသီး ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

Read 30 times Last modified on Monday, 17 February 2020 09:24